ကျောင်းတော်ရာနယ်မြေ မီးသတ်စခန်း (၅၃)ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီး ယခုလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်

မင်းဘူး စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာနယ်မြေ မီးသတ်စခန်း RC နှစ်ထပ်ဆောင်ကို အသစ်ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်ထိ တည်ဆောက်ရေးလုပ်ငန်း အားလုံး (၅၃) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ယခုလကုန်တွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ကျောင်းတော်ရာနယ်မြေ မီးသတ်စခန်း ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးခွင့်ပြုရန်ပုံငွေဖြင့် RC နှစ်ထပ်ဆောင် တည်ဆောက်နေပြီး  Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေကြောင်း၊ လုပ်ငန်းအားလုံး ၅၃ ရာခိုင် နှုန်းကျော် ပြီးစီးနေပြီး ယခုလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်အရည် အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးတို့ကိုလည်း အနီးကပ်ကြီးကြပ်ပြီး စစ်ဆေးဆောင်ရွက်နေကြောင်း ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။

အဆိုပါ မီးသတ်စခန်း နှစ်ထပ်ဆောင်မှာ (၄၅ x ၅၀ x ၂၆) ပေ ကျယ်ဝန်းကာ  RC ()ထပ် အဆောက်အဦ အမျိုးအစားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ (၁၅၂.၀၇၉) ကျပ်သန်းဖြင့် ဆောင်ရွက် နေကြောင်း၊ ယခုအခါ အမိုးအတွက် Roof Beam ကွန်ကရစ်လောင်းရန်နှင့် နံရံအုတ်စီခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ လုပ်ငန်းကာလမှာ (၃၀..၂၀၂၁) ရက်မှ (၃၀..၂၀၂၁) ရက်နေ့အထိဖြစ်ပြီး ယခုလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးဝေယံထွန်းထံမှ သိရသည်။

မောင်မောင်(မင်းဘူး)