မချမ်းဘော့ စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အရင်း မပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် နမ်ခမ်ကျေးရွာရှိ ပြည်သူတစ်ဦးချင်းစီ လက်၀ယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်မှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား တတ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားနိုင်ရေးအတွက် မိသားစုအလုပ် အကိုင်များရရှိ၍ မိသားစုဝင်ငွေများ တိုးပွားလာစေရေး ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သည့် နမ်ခမ်ကျေးရွာတွင် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းအား ကျန်မာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စိုက်ပျိုးရေး(၁၈)ဦးအတွက် (၇၄)သိန်း၊ မွေးမြူရေး(၁၈)ဦး အတွက်(၅၉)သိန်း၊ အရောင်းအဝယ်(၁၇)ဦးအတွက် (၁၀၉)သိန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း(၁၄)ဦးအတွက် (၇၂)သိန်း၊ စုစုပေါင်း(၆၇)ဦးအတွက် (၃၁၄)သိန်း (ကျပ် သုံးရာတစ်ဆယ့်လေးသိန်း တိတိ) အား မချမ်းဘော့မြို့နယ် ကျေးလက်ဒေ သဖွံ့ဖြိုးရေးဦးစီးဌာန ၀န်ထမ်းများက ရန်ပုံငွေများဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အထူးကြပ်မတ် စစ်ဆေးဆောင် ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ဒေသခံပြည်သူတစ်ဦးချင်းစီလက်၀ယ် အရောက်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)