တနင်္သာရီ၌ အလှူရှင်များအဖွဲ့မှ ကိုဗစ်-၁၉ရော ဂါကာကွယ်ရေး အထောက်အကူပြုပိုးသတ် ဆေးနှင့် (Mask)ထောက်ပံ့ပေးအပ်

တနင်္သာရီ စက်တင်ဘာလ ၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းမှ စိတ်သဘောထားခြင်း တူညီကြသည့် ဒေါ်ဝင်းကြည်နှင့် စေတနာရှင်လူငယ်များအဖွဲ့သည် တစ်ဦးလျှင် စုငွေ(၁၀,၀၀၀)နှုန်း စုဆောင်းပြီး ရရှိငွေဖြင့် ယမန်နေ့က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက် အကူဖြစ်စေမည့် အထောက်အကူပြုပစ္စည်းများဖြစ်သည့်  ပါးစပ်နှင့် နှာခေါင်းစည်း(Mask)နှင့် ကလိုရင်းပိုးသတ်ဆေးပုံးများကို ပရဟိတအသင်းအဖွဲ့များသို့ လိုက်လံထောက်ပံ့ ပေးအပ်ကြောင်း သိရှိရသည်။

အဆိုပါဒေါ်ဝင်းကြည်နှင့် စေတနာရှင် လူငယ်များအဖွဲ့သည် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေသည့် သုခရွှေရီ ကျန်းမာရေး အထောက်အကူပြု ပရဟိတအသင်း၊ မေတ္တာရေစင် ပရဟိတလူ ငယ်များအဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့အား (၅)လီတာဆံ့ ကလိုရင်းပိုးသတ်ဆေးပုံး(တစ်)ပုံးစီကိုလည်းကောင်း၊ အလားတူ လယ်တောင်ယာကျေးရွာရှိ ဆင်ခြေဖုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် တာဝန်ထမ်းဆောင်ရင်း ခရီးသွားနေရသည့် ရဲတပ်ဖွဲ့တို့ထံ လိုအပ်သလိုအသုံးပြုနိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တစ်ထုပ်စီကိုလည်း မိမိတို့အစီအစဉ်ဖြင့် ကူညီထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း