ဘူးသီးတောင်မြို့နယ် အကျဉ်းဦးစီးဌာနဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်

ဘူးသီးတောင်မြို့နယ် အကျဉ်းဦးစီးဌာနဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်

ဘူးသီးတောင် စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးအေးမောင်သိန်းနှင့် အဖွဲ့သည် စက်တင်ဘာလ(၈) ရက်နေ့ နံနက်(၈)နာရီ အချိန်က ဘူးသီးတောင်မြို့နယ် အကျဉ်းဉီးစီးဌာနရှိ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘူးသီးတောင်မြို့နယ် အကျဉ်ဉီးစီးဌာနရှိ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုဝင် (၈၀)ဦးတို့အား အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူ၊ အိမ်ထောင်စုစာရင်းမှ ခွဲဝင်/ခွဲထွက်များနှင့် အိမ်ထောင်စု ပျက်စီး/ပျောက်ဆုံးခြင်းများကို ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခု နှစ်နိုဝင်ဘာလ (၃၀)ရက်နေ့ ထိ (၁၈)လ တာကာလ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းမှ သိရှိရပါသည်။

လှကျော်(ပြန်/ဆက်)