ရွှေတောင်မြို့နယ်အတွင်း ရုတ်တရက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် (၁၁)လုံး အမိုးလန်ပျက်စီးပြီး လူနေအိမ် (၃) လုံး ပြိုကျ

ရွှေတောင် ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင်မြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီခန့်က ရုတ်တရက်လေပြင်း တိုက်ခတ်မှု့ကြောင့် ဇီးကျွန်းကျေးရွာအုပ်စု၊ တည်ကုန်းကြီးကျေးရွာအုပ်စု၊ ညောင်စာရေးကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၁၁)လုံး အမိုးလန် ပျက်စီး ခဲ့ပြီး ဇီးကျွန်းအုပ်စုတို့တွင် လူနေအိမ် ( ၃)လုံးပြိုကျ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ် (၃) ပြိုကျခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှု တန်းဘိုး(၁၀၄၀၉၀၀) ကျပ်ဆုံးရှုံးခဲ့ပြီး လေဘေးသင့်၍ အမိုးလန် / ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး နေအိမ်အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ / တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

ကိုကို မင်း