စဉ့်ကူနယ်မြေမီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသည့် မုန်တိုင်ကျေးရွာဘုန်းတော် ကြီးကျောင်းသို့ ရေဂါလံ ၁၆၀၀လှူဒါန်း

ညောင်ဦး  ဧပြီ  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ပုဂံမြို့ မုန်တိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ နံနက် ၁၀နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။

အဆိုပါ မုန်တိုင်ကျေးရွာဘုန်းတော်ကြီးကျောင်းသည် ပုဂံမြို့တွင်ရှိပြီး နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးနေခြင်းကြောင့် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ စဉ့်ကူနယ်မြေ မီးသတ်စခန်း အနေဖြင့် မိမိဌာနလုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ကျေးလက်နေပြည်သူများ/ ဘုန်းတော်ကြီးကျောင်းများမှ သောက်သုံးရေအကူညီတောင်းခံလာခြင်းကြောင့် ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေမီးစခန်းမှ မီးသတ်ရေ သယ်ယာဉ်ဖြင့်မုန်တိုင် ကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် ရေဂါလံ၁၆၀၀၊ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြား၍ သိရသည်။

ကိုထိန်၊KPD