ကျောက်ကြီး ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး အေရိုးဗစ်သင်တန်းဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အား/ ကာနည်းစနစ်မှူး ဦးထင်လင်းကျော်က သင်တန်းပူးပေါင်း ဖွင့်လှစ်ရခြင်းနှင့် မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားကစားမှာ ဖွံ့ဖြိုးတိုးတက်စေရန် ပြောကြားခဲ့သည်။ ဆက်လက်ပြီး အေရိုးဗစ်အကနည်းပြ ဆရာမဒေါ်ဖြူဖွေးသန့်က အေရိုးဗစ်အက ပညာသည် အားကစားတစ်ရပ်တွင်မကဘဲ ကျန်းမာရေးအတွက်ပါ လေ့ကျင့်ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။
ကျောက်ကြီးမြို့နယ် (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည့် အေရိုးဗစ်သင်တန်းကို (၃)ရက်တာဖြင့် သင်တန်းသား(၂၅)ဦးအား အချိန်ပိုင်းဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျွမ်းကျင်စွာကိုယ်လက်လှုပ်ရှားနိုင်ရေး လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်