လက်ပံတန်း ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Comnunity Centre ခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ စကားပုံဆက် ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို လူငယ်များအနေဖြင့် ဉာဏ်စွမ်းရည်နှင့် စာဖတ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ အထက(၃)၊ မူလွန်ဘီးလင်းတန်း၊ အမက ပေါက်ကုန်း၊ အမက ရှမ်းကွင်းမှ ကျောင်းသား / ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲမှ အကောင်းဆုံးဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် မြို့နယ် Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ညိုညိုတင့်တို့က ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပြီး ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပုံပြင်ပြောခြင်း၊ ကိုယ်လက်လှုပ်ရှား ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)