ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းသို့ ခရီးသွားဆင်ချစ်သူလာရောက်လည်ပတ် မှုများပြား

ညောင်ဦး  ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊အ‌ နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်းသို့   ခရီးသွားဆင်ချစ်သူများဝင်ရောက်လည် ပတ်မှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ် ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ မြန်မာပြည်အရပ်ရပ်မှခရီးသွားများသည် ပုဂံရှေး ဟောင်း ယဉ်ကျေးမှုနယ်မြေသို့ဘုရားဖူးလာရောက်ရင်း ပလင်းကမ်းသာယာ ဆင်စခန်းသို့ လာရောက်လေ့လာကြကြောင်း၊ ခရီးသွားဆင်ချစ်သူများသည် ပလင်းကမ်းသာ ယာဆင်စခန်းဝင်း အတွင်းရှိ ဆင်ပြတိုက်၊ ကလေးကစားကွင်း၊ ဆင်များထားသည့်နေရာ၊ ဆင်ရေချသည့်နေရာ၊ ရှုမျှော်ခင်းကြည့်တံတား၊ Tree House ၊ မြစ်ကမ်းလေးတလျှောက်တည် ဆောက်ထားသည့် ခြေတံ ရှည်တဲများပေါ်အနားယူပြီး မြစ်ကမ်းဘေးအလှများအား ကြည့်ရှုခြင်းများနှင့်ဆင်စီးပြီး မြစ်ကမ်း ဘေးအလှများအား ကြည့်ရှုကြခြင်း၊ ဓာတ်ပုံဝါသနာပါသူများက အမှတ်တရဓာတ်ပုံရိုက်ကြခြင်း၊ ဆင်နှင့်ပတ်သက်သည့်ဆင်များအကြောင်း ရေးသားထားသည့် မှတ်တမ်းများဖတ်ရှုကြခြင်း၊ ပလင်း ကမ်းသာယာဆင်စခန်းရှိဆင်ခုနှစ်ကောင်၏ ကိုယ်ရေးမှတ်တမ်းရေးထားသည့် ဆိုင်းဘုတ်များအား စိတ်ဝင်တစားဖတ်ရှုကြခြင်း၊ ပလင်းကမ်း သာယာဆင်စခန်းသို့လာရောက်ကြသည့် ဆင်ချစ်သူများ သည် ဆင်စာကျွေးခြင်း၊ အစားအစာများမှာ ယူစားသောက်ခြင်းများဖြင့် ပလင်းကမ်းသာယာ ဆင်စခန်းတွင်လာရောက်လည်ပတ် သူများပြားနေကြောင်းသစ်အုပ်ကြီး ဦးစောဝါးဝါးထံမှ သိရ သည်။

ကိုထိန်၊KPD