နယ်ရုံးများ၏သတင်းများ

Apr 19,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်းအမှတ်စဉ်(၉) နှင့်ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ပညာရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့၏ (ပထမနှစ်-ဝိဇ္ဇာ/သိပ္ပံ)သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသားများအား တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
Apr 19,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်တွင် ကလေးများအား အသိပညာဗဟုသုတ တိုးပွါးစေရန်နှင့် တီထွင်ကြံဆတတ်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြသည်။
Apr 19,2022
မိတ္ထီလာမြို့တွင်ခရီးသွားပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းအား ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာ-ရန်ကုန်ကားလမ်းမ ဖောင်တော်ထိပ်ဘုရား(ရပ်တော်မူဘုရား) အနီးတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်း များ နှင့်တာဝန်ရှိသူများက ‌ပူးပေါင်းဆောင်ရွက်ကြောင်းသိရသည်။
Apr 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာဖတ် စွမ်းရည်​ပြိုင်ပွဲများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။
Apr 19,2022
နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွား၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာကြစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်စာ ဖတ်စွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက်  ၁၀ နာရီအချိန်က လောင်းလုံးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦး စီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Apr 19,2022
ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ည ၇ နာရီအချိန် လေပြင်းတိုက် ခတ်မှုကြောင့် သံလျက်မော် တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်း၊ ဘဲလေး ကျွန်းမြောက် ဘက်ရှိ ဗို့အား ၁၀၀၀ ဓါတ်အား အရှည် ၉ မီတာရှိ ဓါတ်မီးတိုင်(၁)တိုင်၊ အလားတူ မြို့သစ် (၁) ရပ်ကွက်၊ ၇၃လမ်း၊ သိပ္ပံလမ်းနှင့် ၁၀၂ လမ်းကြားယူကလစ်ပင်(၅) ပင်၊ အရှည် ၉ မီတာရှိ သံ‌ပေါင် လျှပ်စစ်ဓါတ်မီးတိုင် (၁)တိုင်၊ အောင်သာယာ ရပ်ကွက်၊ ၄၄ လမ်း၊ မြို့ပတ်လမ်းနှင့် ၁၁၆ လမ်းကြားရှိ ယူကလစ်ပင် ၁ ပင်၊ အရှည် ၅ မီတာရှိ ကွန်က ရစ် လျှပ်စစ်ဓာတ်တိုင် ၃ တိုင်၊ သံ‌ပေါင်လျှပ်စစ် ဓါတ်မီးတိုင် (၃)တိုင် လဲကျပြီးလမ်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Apr 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ အိမ်တွင်း လက်မှုလုပ်ငန်းဖြစ်သော ဝါးခမောက်များ ဈေးကောင်း ရရှိ၍ ရောင်းအားကောင်းနေပြီး ဝါးခမောက်ပြုလုပ်ရာ၌ အဓိက အသုံးပြုရသော ကုန်ကြမ်းပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရသည်။
Apr 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ တားမြစ်အစားအစာများကို မစားစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။