စဉ့်ကူး ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ့်ကူးမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိသည်။
နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး စီမံချက်များနှင့်အညီ ရဟန်းရှင်/ပြည်သူအပေါင်းတို့အား ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ ရာ စဉ့်ကူးမြို့နယ် ဆည်ကြီးကျေးရွာအုပ်စု၊ တောင်ကိုင်း(မ)ကျေးရွာ၊ ကျောင်းဆိပ်ကျေးရွာ အုပ်စု၊ ညောင်ပင်ပုကျေးရွာနှင့် ဆည်သည်ကျေးရွာအုပ်စု၊ ဆည်သည်မြောက်ရွာတို့ရှိ ဘုန်းတော် ကြီးကျောင်းများမှ သံဃာတော်များ၊ ရှင်သာမဏေများနှင့် ကျေးရွာများမှ ဒေသခံပြည်သူများ အား စုရပ်များသတ်မှတ်၍ Mobile Team ဖြင့်ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများသို့ စဉ့်ကူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည့် စီမံမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)