ချမ်းမြသာစည် ဧပြီ ၂၀
မန္တလေးခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ ၁၉၄၅ အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ ရုတ်တရက်တိုက်ခတ်မှုကြောင့် အပင်များကျိုးကျခြင်း၊ ဓာတ်တိုင်များနှင့် သစ်ပင် များ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ အကွက် ၅၀၈ မဟာမုနိဘုရားကြီးအနောက် ၄၅ တာ၀န်းအတွင်း Tourist Information Center အနီး မန်ကျည်းပင် မှာအမြစ်လန်၍ Tourist Information Center အဆောက်အဦ ပေါ်သို့လဲကျခဲ့ပြီး အဆောက်အဦ၏နေရာအချို့ပျက်စီးဆုံးရှုံးခဲ့ရသည်။
အဆိုပါ မန်ကျည်းပင်ပြိုလဲမှုကို ဘုရားကြီး၀န်းအတွင်း သန်ရှင်းရေး တာ၀န်ခံများက စုပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း သိရသည်။
ခင်စိမ်း၀င်း