ဇေယျာသီရိမြို့နယ်၊  ပြည်သူ့စာကြည့်တိုက်အတွင်း၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်

ဇေယျာသီရိ ဧပြီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။                    

အဆိုပါ သင်တန်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ကျောင်းသား/သူကလေးငယ်များ မိမိတို့ဌာနမှဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် မိမိနှစ်သက်သည့် ပန်းချီရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးမြင့်လာ စေရန်ရည်ရွယ်၍ ယခုလိုအခြေခံပန်းချီရေးဆွဲနည်းသင်တန်းပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ သင်တန်းသို့ဖိတ်ကြားထားသည့် ပုဗ္ဗသီရိမြို့နယ်၊ စနိုးမူကြိုမှ ဆရာမဒေါ်နှင်းလဲ့စိုးက ကျောင်းသား/သူကလေးငယ်များအား  ပန်းချီပညာသင်ယူမှုနှင့် ပတ်သက်၍ အခြေခံအချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့သင်ကြားပေးခဲ့သည်။

သင်တန်းသို့ ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာနှင့် ရွှေတွင်းကုန်းကျေးရွာမှ ကျောင်းသား/သူ ကလေးငယ် (၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)