ပေါင်းတည် ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မင်းကွက် ၃ ရပ်ကွက် ဆေးထိုးစုရပ်တွင် အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ရှိပြည်သူ ၁၂ ဦးအား sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား လည်းကောင်း၊ အသက် ၅၀ နှစ်အထက်ပြည်သူ ၈ ဦးအား Booster Dose ထပ်ဆောင်းဆေး Covidshield ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အားလည်းကောင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)