စဉ့်ကူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့်ပို့ချ

စဉ့်ကူး ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာ မူလတန်းဆင့် GRADE 5 သင်ရိုးသစ်ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက စဉ့်ကူးအထက၌ ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ သင်ရိုးသစ် ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် ပို့ချလျက်ရှိရာ သင်တန်းသို့ စဉ့်ကူးမြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်ဆရာ၊ ဆရာမ(၂၄)ဦး တက်ရောက်ကြပြီး သင်တန်းကို နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ၂၀-၄-၂၀၂၂ ရက်နေ့မှ ၂၅-၄-၂၀၂၂ ရက်နေ့ထိ (၆)ရက်ကြာ ပို့ချလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန္တာအောင်ထံမှ သိရသည်။

 

တင်ဇာလွင်(ပြန်/ဆက်)