ရန်ကုန် ဧပြီ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများက ဌာနဆိုင်ရာရုံးများတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုဆိုင်ရာ စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မီးဘေးအန္တရာယ် ဖြစ်ပွားစေတတ်သော အခြေအနေများ၊ ရုံးအတွင်း လေဝင်/ လေထွက် ကောင်းမွန်စေရေး များ၊ မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက လက်တလော ဆောင်ရွက်ရမည့် အစီအမံများ၊ မီးငြိမ်းသတ်ရာတွင် အသုံးပြုရမည့် ပစ္စည်းများ ဖြစ်သည့် မီးသတ်ဆေးဘူးများအား အသင့်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ မီးသတ်ဆေးဘူးအား လက်တွေ့အသုံးပြုနည်းစနစ်များနှင့် လျှပ်စစ်သုံးစွဲရာတွင် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မိန်းပလပ်ခုံများနှင့် ဝါယာကြိုး များအား စစ်ဆေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်နိုင်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးကျော်သူဟိန်း(ပြန်/ဆက်)