ညောင်ဦး ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီး ဌာန၊(ပုဂံဌာနခွဲ) လုံခြုံရေးဌာနစိတ်မှ ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန်က ပုဂံမြို့ ဟောင်းသရပါတံခါးတောင်ဘက်ခြမ်းတွင် သန့်ရှင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံမြို့ဟောင်းရှိ သရပါတံခါးတောင်ဘက်ခြမ်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ)လုံခြုံရေးဌာနစိတ်မှ ဝန်ထမ်းများသည် သင်္ကြန်ကာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ခရီးသွားများ စွန့်ပစ်ခဲ့သည့် ဖော့ဘူးခွံ၊ ပလတ်စတစ်အမှိုက်များအား ရှင်းလင်းခြင်းနှင့်ခြုံနွယ် ရှင်းလင်းခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားဘုရားဖူးများ အမှိုက်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဘုရားများဖူးမြှော်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက် မှုများအား အပတ်စဉ်လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)