ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာပေစိတ်ဝင်စားသူ လူငယ်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဇီးကုန်း ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း(BOOK CLUB)နှင့် စာပေစိတ်ဝင်စားသူလူငယ်များ  ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် “လူငယ်များ စာဖတ်ခြင်းနှင့် ဘဝတိုးတက်မြင့်မားရေး ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက် နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာများဖြစ်သော နေဝန်းနီ (ဇီးကုန်း)က “ သင်္ကန်တနှင့် လူငယ် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးခင်မောင်မြင့်(ပညာရေး)က “ သားကောင်း သမီးကောင်း ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဇီးကုန်း - ဇော်ဝင်းမောင်က “ ဘဝတိုးတက်ရေးအတွက် သတ္တိမွေးပါ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သူရိန်ဝင်း(ဇီးကုန်း)က “ အောင်စိတ် ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇီးကုန်း-အေးမော်က “ ယနေ့လူငယ်နှင့် ယဉ်ကျေးမှု ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စွမ်းဝေ(ဇီးကုန်း) က “ စာအုပ်စင်နှင့် ကျွန်တော် ” ခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်များ ဘဝ ရည်မှန်းချက် အောင်မြင်တိုးတက်ရေးအတွက် ကျင့်ကြံမှတ်သားလိုက်နာသင့်သည့်အချက်များ၊ အားကျအတုယူ ဖွယ်ရာများ၊ ရည်ရွယ်ချက် ပန်းတိုင်ကိုရောက်ရှိအောင် ထားရှိရမည့် စိတ်ဓာတ်ခွန်အားများကို သုတရသသာဓကနှင့်  မိမိတို့၏အတွေ့အကြုံများ စုံလင်စွာဖြင့် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာသော ဝါသနာရှင် လူငယ်များမှလည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)