နယ်ရုံးများ၏သတင်းများ

Apr 27,2022
မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၁၃၅၀၀၀ကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။
Apr 27,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန် ကူးစက်မြန်ရောဂါ အကြောင်းနှင့်ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုး ဆော်ခဲ့သည်။
Apr 27,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဧပြီလ(၁၈)ရက်နေ့ ညနေ(၇)နာရီခွဲအချိန်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခြင်းအတွက် ကျေးရွာများအရောက် ထောက်ပံ့ငွေများကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများ သွားရောက် ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
Apr 27,2022
မိုးကုတ်မြို့နယ်တွင် Covid-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီအချိန်က မိုးကုတ်မြို့ အရှေ့ရွာ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်အတွင်းရှိ သံဃာတော်များ၊ အသက် ၁၅နှစ်မှ ၁၈နှစ်ကြားရှိ ကိုရင်များ၊ သီလရှင်ဆရာလေးများအား ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံခြင်း၊ အသက် ၁၈ နှစ်အထက် သံဃာတော်များ၊ သီလရှင်များအား ထပ်ဆောင်းBooster ကာကွယ် ဆေးထိုးနှံပေးခဲ့ကြသည်။ အဆိုပါဆေးထိုးနေရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုအပ်သည့် ကူညီထောက်ပံ့မှ များ နှင့်သံဃာတော်များ အဆင် ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး စီစဥ်ဆောင်ရွက်ပေးကာ ဆေးထိုး ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် အကောင်ထည်ဖော်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Apr 27,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိ သောကန်နီကြီး တဲတိုက်သို့ ယနေ့ နံနက် ၁၀ နာရီအချိန်က သောက်သုံးရေဂါလံ၁၆၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
Apr 27,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ပံသုကျီခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာအုပ်/ စာစောင်ပြပွဲ ကျင်းပခဲ့သည်။
Apr 27,2022
မလှိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ယစ်မျိုးအစီအစဉ်အရ ခွင့်ပြုခဲ့သည့် CFL-1 ယစ်မျိုးလိုင်စင်လေလံရောင်းချပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 27,2022
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။