မိတ္ထီလာမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း  ၁၃၅၀၀၀ကျော် ပျိုးထောင်ထားရှိ

မိတ္ထီလာ ဧပြီ ၂၇

မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၁၃၅၀၀၀ကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။

အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရန် ပေါက်ချောင်းရပ်ကွက် အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ ပျိုးဥယျာဉ်တွင် တမာ၊ ဒဟတ်၊ ဖျောက်ဆိတ်၊ မြန်မာကုက္ကို၊ ရင်းမာ၊ မြင်ဝါး၊ ယူကလစ်၊ ရှား၊ ပိတောက်၊   မဲဇလီ၊ ကျွန်း စသည့် ပျိုးပင်ပေါင်း ၁၃၅၁၄၈ ပင် ပျိုးထောင်ထားရှိသည်။ အဆိုပါ ပျိုးပင်များထဲမှ ကျေးရွာသုံးစိုက်ခင်း ဧက ၅၀ အတွက် ပျိုးပင်ပေါင်း ၃၃၇၅၀ ပင်၊ ကျေးရွာသုံးစိုက်ခင်း ၄၅ ဧကအတွက် ပျိုးပင်ပေါင်း ၃၀၃၇၅ ပင်၊ အထူးစိမ်းလန်း စိုပြည်ရေးတစ်အုပ်တစ်မစိုက်ခင်းအတွက် ပျိုးပင် ၂၇၈၅၀၊ အခြားစိုက်ခင်း  ၂၅ ဧက အတွက် ပျိုးပင်ပေါင်း ၃၇၈၁၃ ပင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘက်စုံသုံးစိုက်ခင်း တစ်ဧကအတွက် ပျိုးပင်ပေါင်း ၆၈၀၊ တစ်အိမ်ထောင် သစ်မာ (၂၀)ပင်အတွက် ပျိုးပင်ပေါင်း ၃၂၀၀၊  တစ်အိမ်ထောင်ကျွန်း (၃)ပင်အတွက် ပျိုးပင်ပေါင်း ၄၈၀ နှင့် ပြည်သူဗဟိုပြုစိုက်ခင်းအတွက် ပျိုးပင်ပေါင်း ၁၀၀၀ တို့ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)