Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်တွင် ရေဆုံးကျေးရွာအုပ်စု မအူတန်းကျေးရွာ၌ EM-Bokashi သဘာဝမြေဆွေးပြုလုပ်ခြင်းအား ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး ဦးစီး ဌာနမှ မြို့နယ်ဉီးစီးမှူးနှင့် ဝန်ထမ်းများက မြေဆွေးပြုလုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများအား လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။