သထုံမြို့နယ်တွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

သထုံ ဧပြီ ၂၇

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ  Talk Show  အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် စားသုံးသူများ လုံခြုံစိတ်ချမှု ရှိစေရေးနှင့် ရည်မှန်းချက်တာဝန် (၄) ရပ်၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား မျှတမှုရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များ၊ စားသုံးသူတို့၏ အခွင့်အရေး (၈) ချက်နှင့် တာဝန်(၄)ရပ်၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်(၁၁)ချက်၊ စားသုံးသူဘေး အန္တရာယ်ကင်းရှင်းရေးအတွက် အခြားဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် စသည်တို့ ရှောင်တခင်ဝင်ရောက် စစ်ဆေးနေမှု အခြေအနေများ၊ စားသုံးသူ ပြည်သူများအနေဖြင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းများကို သတိထားဝယ်ယူသုံးစွဲကြရေးနှင့် နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် Call Center နံပါတ်များ စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)