နယ်ရုံးများ၏သတင်းများ

Apr 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီ အစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
Apr 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သောကလေးများအား မြို့နယ်ဦးစီးမှူးမှ ယမန်နေ့ မွန်းလွှဲပိုင်းက ကလေးစာဖတ်ခန်း အတွင်း ရောင်စုံစက္ကူများဖြင့် စက္ကူ အရုပ်ခေါက်နည်းများကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။     
Apr 27,2022
က​လေးများစာဖတ်သည့် အ​​လေ့အထရရှိ​စေရန်၊ စာ​ပေမှတဆင့် အသိပညာဗဟုသုတရရှိ​စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြား​​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယ​​မန်နေ့ နံနက် ၉:၃၀နာရီ အချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။
Apr 27,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးအစီအစဉ်များကို  ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇင်ပင်နှင့်လိပ်ပြာလေး ပုံပြင်စာအုပ်ဖြင့်ရုပ်ပြပုံပြောခြင်း အစီအစဉ်ကိုရိုက်ကူး ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက် မြက်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့၊ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Apr 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက  ကျောင်းသား/ ကျောင်းသူများနှင့် ကလေး‌ငယ်များကို  အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို  ပြည်သူ့စာကြည့်တိုက် Pageများတွင် နေ့စဉ်လွှင့်တင်ဆောက်ရွက်ပေးလျက်ရှိပါသည်။
Apr 26,2022
တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၄/၂၀၂၂) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပခဲ့သည်။
Apr 26,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁ဝ)နာရီက ရုံးဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာရေးဆရာဒေါက်တာကျော်စိန် ရေးသားသည့် “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။