နယ်ရုံးများ၏သတင်းများ

Apr 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မြတ်ဝါသည် ယမန်နေ့နံနက်ပိုင်းက ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ‌ ရေးသားပြုစု ထားသည့် “ပင်လယ်ကြီးကိုကာကွယ်ကြ”ခေါင်းစဉ်ဖြင့် ‌ ပုံပြောအစီအစဉ်ကို ရိုက်ကူး၍   Onlineမှတစ်ဆင့် ထုတ်လွှင့်ပြသပေးခဲ့ကြောင်း သိရသည်။
Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်မှထောက်ပံပေးအပ်သော ဓာတ်မြေသြဇာအိတ်များအား တစ်နှစ်သုံး သီးစိုက်ပျိုးသောဒိုးတန်းကျေးရွာမှ တောင်သူ ဦးမောင်စိုးထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အမှတ် (၃) စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း (ACLC)၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပသည်။
Apr 27,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ၂၀၂၂ - ၂၀၂၃  ဘဏ္ဍာရေးနှစ်၊  ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့   နံနက်  (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
Apr 27,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမတွင် မေ(၅) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မီးဘေးလုံခြုံရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးစုရပ် နေရာများသို့ ကာကွယ်ဆေးလာရောက် မထိုးနှံနိုင်သည့် မြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်များအတွင်း နယ်လှည့်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို
Apr 27,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များ အရောက်ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအား ထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကစာအုပ်၊ စာ​စောင်များ(Mobile Library)စနစ်ဖြင့် ယ​​နေ့ နံနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနသို့ သွား​ရောက်ငှားရမ်း​ပေးခဲ့​ကြောင်း သိရသည်။
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ