ပုသိမ်ကြီးမြို့နယ်တွင် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပုသိမ်ကြီး ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ပံသုကျီခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာအုပ်/ စာစောင်ပြပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းက ပြပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊  ပြပွဲသို့ အထက ပုသိမ်ကြီးမှ ကျောင်းသား/ကျောင်းသူများက လာရောက် ကြည့်ရှုလေ့လာကြသည်။

အဆိုပါ ပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့် ဝန်ထမ်းများ၊ ပုသိမ်ကြီး အထကမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇာနည်ကိုကို