တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသည့် ကန်နီကြီးတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀လှူဒါန်း

ညောင်ဦး  ဧပြီ  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိ သောကန်နီကြီး တဲတိုက်သို့ ယနေ့ နံနက် ၁၀ နာရီအချိန်က သောက်သုံးရေဂါလံ၁၆၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

အဆိုပါ ကန်နီကြီးတဲတိုက်သည်သည် ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိပြီး နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးနေခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ တောင်ဇင်းနယ်မြေ မီးသတ်စခန်းအနေဖြင့် မိမိဌာနလုပ်ငန်းများအပြင်ပြည် သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ကျေးလက်နေပြည်သူများ/ ဘုန်းတော်ကြီးကျောင်းများမှ သောက်သုံးရေ အကူညီတောင်းခံလာခြင်းကြောင့် ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေမီးစခန်းမှ မီးသတ်ရေ သယ်ယာဉ်ဖြင့် ကန်နီကြီးတဲတိုက်အတွက် ရေဂါလံ၁၆၀၀၊လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြား၍ သိရသည်။

ကိုထိန်၊KPD