နယ်ရုံးများ၏သတင်းများ

Apr 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community- Centre) ခန်းမတွင် အေရိုးဗစ်သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Apr 28,2022
လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အားကစား စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် ဗလငါးတန်နှင့် ပြည့်စုံသည့် သားကောင်းရတနာ သမီးကောင်း ရတနာ များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍
Apr 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး၊ မျိူးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ မပြန့်ပွားစေရန်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Apr 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဓမ္မစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၂၆) ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။
Apr 28,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီတွင် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
Apr 28,2022
တနင်္သာရီတိုင်းဒေသကြီး မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ၌ကျင်းပသည်။
Apr 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ထိုးနှံရန်မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅)လမ်းထိပ်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်‌‌ရေးမှူး ရုံးဟောင်းရှေ့ဆေးထိုးစုရပ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်း၍ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးရာ Astra Zeneca First Dose ထိုးနှံသူ (၁၁)ဦး၊ Astra Zeneca Booster Dose ထိုးနှံသူ (၂၈၉ )ဦး၊ စုစုပေါင်း (၃၀၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။