နယ်ရုံးများ၏သတင်းများ

Apr 26,2022
စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသတွင်းစားသုံးဆီဖူလုံစေရန်ရည်ရွယ်၍  နေကြာသိုက်တောင်သူ များအား နေကြာစနစ်တကျစိုက်ပျိုးနည်း ပညာပေးသင်တန်းကို ယနေ့ နံနက်(၉) နာရီက လွိုင်လင်မြို့နယ်၊  မတ်လန်းကျေးရွာဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။
Apr 26,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်လွဲ(၁)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Apr 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများ အတွင်း  ကိုဗစ်-၁၉ရောဂါ  လျော့နည်းကျဆင်းစေရေးနှင့်    ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက်ယနေ့  နံနက်(၁၀)နာရီကစဉ့်ကိုင် ပြည်သူ့ဆေးရုံနှင့်စုရပ်အလိုက်   ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံရှေးဦးသူနာပြုစုနည်း (အခမဲ့)သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Apr 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ ပြုစုနိုင်ရေး၊ ကိုင်ဆောင်လက်မှတ် နံပါတ်များ မှန်ကန်မှုရှိစေရေးတို့အတွက် နိုင်(၄)ရိုက်သွင်းခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်နိုင်ရန်
Apr 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေထွေဗဟုသုတများရရှိ တိုးပွားလာစေ ရေး သိသင့်သိထိုက်သော အကြောင်းအရာများအား သိရှိလာနိုင်စေရေးအတွက် အသိပညာ ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 26,2022
အနာဂတ်ကလေးငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အတတ်ပညာအသိပညာများ ပြည့်စုံလာစေရန်ရည်ရွယ်၍
Apr 26,2022
မလှိုင်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စုတွင် စိုက်ပျိုးထားသော ရွှေတောင်-၁၀ ချည်မျှင်ရှည်ဝါ အထူးဇုံ စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုကို ယနေ့ နံနက်(၉)နာရီတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။