နယ်ရုံးများ၏သတင်းများ

Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုနှင့် ဆင်ဖုန်ကျေးရွာအုပ်စုတို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ကို ဦးစားပေးအစီအစဉ်အလိုက်
Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုကျောင်းဆင်းများ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ချိန် ကာလတွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အခြေခံပန်းချီပညာကို တတ်မြောက်သွားစေရန် အတွက်ရည်ရွယ်ကာ နွေရာသီပန်းချီသင်တန်း(အခမဲ့)ဖွင့်လှစ် သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ဆေးထိုးအထောက်အကူပြုအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး မှတ်တမ်း ကတ်ပြားများစိစစ်၍ ဆေးထိုးရန်ကျန်ရှိနေသူများကို ဈေးစည်ပင်သာယာရေးရုံး၌ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။
Apr 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်များ၏ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
Apr 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)​ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နွေရာသီ ကျောင်းပိတ်ရက် များအတွင်း ပြည်သူ့စာကြည့်တိုက်သို့ စာပေဖတ်ရှုသူများ၊ ကလေးစာဖတ်ခန်း၌ ဆေးရောင် ခြယ်ခြင်းများ လာရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Apr 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသိပညာပေးအစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 27,2022
ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဌာန (community center)၌ ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က မီးဘေးလုံခြုံရေးအသိပညာပေး Talk Show ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Apr 27,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ (Community  Centre)ခန်းမတွင် ကျင်းပသည်။