စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ကြရန် အသိပညာပေးနှိုးဆော်ချက်များအား စဉ်ဆက်မပြတ် ဆောင်ရွက်

စုကလိ  ဧပြီ ၂၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန် ကူးစက်မြန်ရောဂါ အကြောင်းနှင့်ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုး ဆော်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံ ခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊  တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက် ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်ကို (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ပိုပိုအောင်(ပြန်/ဆက်)