Apr 27,2022
မိုးကုတ်မြို့နယ်တွင် Covid-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီအချိန်က မိုးကုတ်မြို့ အရှေ့ရွာ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်အတွင်းရှိ သံဃာတော်များ၊ အသက် ၁၅နှစ်မှ ၁၈နှစ်ကြားရှိ ကိုရင်များ၊ သီလရှင်ဆရာလေးများအား ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံခြင်း၊ အသက် ၁၈ နှစ်အထက် သံဃာတော်များ၊ သီလရှင်များအား ထပ်ဆောင်းBooster ကာကွယ် ဆေးထိုးနှံပေးခဲ့ကြသည်။ အဆိုပါဆေးထိုးနေရာသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုအပ်သည့် ကူညီထောက်ပံ့မှ များ နှင့်သံဃာတော်များ အဆင် ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး စီစဥ်ဆောင်ရွက်ပေးကာ ဆေးထိုး ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် အကောင်ထည်ဖော်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။