နယ်ရုံးများ၏သတင်းများ

Apr 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center) လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်
Apr 28,2022
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမို တိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပန်းချီစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Apr 28,2022
ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာသူ များပြားလာစေရန်၊ စာပေကိုဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာ စေရန်၊ အသင်းအဖွဲ့နှင့် ဝိုင်းဝန်းဆွေးနွေး ပြောဆိုတတ်သည့် အလေ့အထများရှိလာစေရန်၊ စာဖတ်ခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လစဉ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြင့် လည်းကောင်း၊ စာဖတ် ပရိတ်သတ် ကျောင်းသား/ ကျောင်းသူများဖြင့်လည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများ စုပေါင်း၍လည်းကောင်း စာဖတ်ဝိုင်းများ ပြုလုပ်​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Apr 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Apr 28,2022
မိတ္ထီလာ၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း ဖွင့်လှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Apr 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမို အဆင်ပြေလွယ် ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်- ဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်တွင်  သံကူကွန်ကရစ်တံတား   တည်ဆောက်ခြင်းလုပ်ငန်းကို    ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်တွင်  စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ယခုအခါ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီးဖြစ်ပါ‌ကြောင်း သိရသည်။
Apr 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  ကစိုကျေးရွာတွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်မှ ကြီးမှူးဖွင့်လှစ်သည့် နိုင်ငံတကာအဆင့်မှီ  အရေးပေါ်အသက်ကယ် ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန  Community   Centre ခန်းမတွင်တွင်  Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာကောင်းမြတ်၏ “ပွင့်သောပန်းတိုင်းမွှေးစေလို” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။