ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပေးနှိုးဆော်

ကရသူရိ ဧပြီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းမြို့နယ်၊  ကရသူရိမြို့တွင်   ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး   ပြည်သူများအား အသိပေးနှိုးဆော်ခြင်းကို   ယနေ့ နံနက် ၉ နာရီကမြို့ပေါ် ရပ်ကွက်များတွင်နှိုးဆော်ပေးခဲ့ကြောင်းသိရသည်။

အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့်  အိုမီခရွန်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးကို ပူးပေါင်းပါဝင်ပေးကြပါရန်၊  အပြင်ထွက်သွားလာတိုင်း  နှာခေါင်းစည်း(Mask)ကို တပ်ဆင်ပါ၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပေးပါ၊ နှာခေါင်းစည်း (Mask)တပ်ဆင်မထားသူများထံမှ ဈေးရောင်း/ဈေးဝယ်ခြင်းမပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးမထိုးနှံရသေးသူများ ကာကွယ်ဆေး သွားရောက်ထိုးနှံပေး ကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များတိုင်း  လိုက်နာနေထိုင်ရေးတို့ကိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)