ရန်ကုန် ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက် ၇ နာရီအချိန်မှ စတင်၍ အမှတ်(၁) ရပ်ကွက်၊ ထန်းတပင်လမ်း(အောင်မြေသာစည်) ဘုန်းကြီးကျောင်းအနီးရှိ ရေနုတ်မြောင်းအတွင်းရှိ အမှိုက်များကို စုပေါင်း၍ စနစ်တကျသန့်ရှင်းရေများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ သန့်ရှင်းရေးရှင်းလင်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ အဖွဲကတာဝန်ခံ၊ အနီးကပ်ကြီးကြပ်ပြီး မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများမှ ရပ်ကွက်တွင်း စီးရေလာကောင်းမွန်စေရန် ရှင်းလင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရသည်။
အလားတူမြို့နယ်တွင်း ရပ်ကွက်များနှင့် လမ်းမကြီးများရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရန် နေ့စဉ်ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
စိမ်းလဲ့(ပြန်ဆက်)