မလှိုင်မြို့ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

မလှိုင် ဧပြီ ၂၇

မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ၊ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်တွင် စာပေသင်ကြားနေသော (စာဝါလိုက်နေသော) သံဃာတော်များ ဆွမ်း၊ ဘောဇဉ် ပြည့်စုံစေရေးအတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယမန့်နေ့ မွန်လွဲပိုင်းက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မလှိုင်မြို့ ရှစ်မျက်နှာပရိယတ္တိ စာသင်တိုက်တွင် (စာဝါလိုက်နေသော) စာပေသင်ကြားနေသည့်  ရဟန်းသာမဏေ အပါး(၃၀၀)ကျော်ရှိပြီး သံဃာတော်များ ဆွမ်း၊ ဘောဇဉ် ပြည့်စုံစေရေးအတွက် (၂၄)ပြီပါ ဆွမ်းဆန်တော် (၅)အိတ်နှင့်ဝတ္တူငွေ (၃၀၀၀၀)ကျပ်တို့ကို ရှစ်မျက်နှာပရိယတ္တိ စာသင် တိုက် ပဓါနနယကဆရာတော် ဘဒ္ဒန္တကဉ္စနထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်ချ တရားကို ဆရာတော်ထံမှပင် နာယူကာ အမျှအတန်းများ ပေးဝေခဲ့ကြ သည်။

အဆိုပါလှူဒါန်းပွဲသို့ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့ တက်ရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။

အောင်ဌေး(မလှိုင်)