ကျောက်မြောင်း၌ လေပြင်းတိုက်ခတ်၍ ပျက်စီးဆုံးရှုံးသည့် နေအိမ်များအား ထောက်ပံ့ငွေ ပေးအပ်

ကျောက်မြောင်း ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောက်မြောင်းမြို့အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ နေအိမ်များ လေပြင်းများ တိုက်ခတ်၍ အမိုးလန်နေအိမ်နှင့် ပြိုလဲနေအိမ် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဘိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျောက်မြောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီးရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိ  ဒေါ်‌ချောစုက ‌ထောက်ပံ့ငွေပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ဧပြီလ ၁၁ ရက်‌နေ့ ၁၉ နာရီအချိန်က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ရပ်ကွက်(၂) ရပ်ကွက် ကျေးရွာအုပ်စု (၃) အုပ်စုတို့တွင် အမိုးလန်အိမ်ခြေ (၁၆)လုံးနှင့် ပြိုကျပျက်စီးအိမ် (၁) တို့အတွက် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၂) ပုံး စုစုပေါင်း‌ ထောက်ပံ့ငွေကျပ် (၁၁၄၇၃၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သတ်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်က သဘာဝဘေးအန္တရာယ် ကျရောက်၍ ပျက်စီးဆုံးရှုံးမှုများ နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ဆက်သွယ် အကြောင်းကြားရန် ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်