ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Center ၌ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဧပြီ ၂၇

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Center ၌ စာဖတ်စွမ်း ရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကို ယနေ့နံနက် (၁၀)နာရီက ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာသည့်၊ ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗဟုသုတများ သိရှိနားလည်ပြီး၊  ဉာဏ်ရည်ထက်မြက်သည့် ဘက်စုံ ထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များ ဖြစ်လာစေရန်၊ တစ်ချိန်တွင် နိုင်ငံတော်က အားထားရမည့် လူချွန်၊လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ကျင်းပရာ ဗဟန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဌေးက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပတ်သက် သည့် သိကောင်းစရာ အသိပညာပေးများကို ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး အသီးသီး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်   ပြန်/ဆက်