ညောင်လေးပင် ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်တွင် ရေဆုံးကျေးရွာအုပ်စု မအူတန်းကျေးရွာ၌ EM-Bokashi သဘာဝမြေဆွေးပြုလုပ်ခြင်းအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မှ မြို့နယ်ဉီးစီးမှူးနှင့် ဝန်ထမ်းများက မြေဆွေးပြုလုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများအား လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
EM Bokashi မြေဆွေးအား အသုံးပြုခြင်းကြောင့် သီးနှံထွက်နှုန်းသိသိသာသာ တိုးလာခြင်း၊ မြေဆီဩဇာကောင်းလာပြီး အာဟာရနှင့် ရေကိုပိုမို ထိန်းသိမ်းလာနိုင်ခြင်း၊ မြေအောက်ရေအပါအဝင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို သက်သာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပြီး အဆိုပါမြေဆွေးပြုလုပ်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တောင်သူများက ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်