နယ်ရုံးများ၏သတင်းများ

May 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် တဲကြီးကုန်းအုပ်စု ကွမ်းခြံကုန်း ကျေးရွာ ဧက၁၀၀ စက်မှုလယ်ယာ စနစ်တကျလယ်ယာမြေတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း တက် ရောက်အားပေးခဲ့ကြောင်းသိရသည်။
May 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အမှတ်(၃၂)ဘိလပ်မြေစက်ရုံနယ်မြေ  ကုန်းမြင့်ကျေးရွာ ကုန်းမြင့်သာယာ ကျောင်းတိုက်ကမ္မဋ္ဌာန်းရိပ်သာနှင့် ဘိုးဘွားရိပ်သာ ဦးစီးနာ ယက နိုင်ငံတော်အစိုးရဘွဲ့တံဆိပ်တော်ရ ကုန်းမြင့်ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တစိန္တာသေဋ္ဌ၏ ဂုဏဝိသိဋ္ဌပူဇာသဘင်ကို ယနေ့နံနက်  (၉)နာရီအချိန်က၎င်း ကျောင်း တိုက် အတွင်းရှိမဟာလောကမာရဇိန်ရွှေသာလျောင်း ဘုရားကြီးအာရုံခံတန်ဆောင်း အတွင်း ကျင်းပခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တတ်ရောက်ပူဇော် ခဲ့ကြောင်း သိရသည်။
May 01,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ဧပြီ ၂၉ ရက် ည ၇ နာရီခွဲ  မှ ၈နာရီ ၃၀ အချိန်ထိ  မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဝမ်းဘဲလူးကျေးရွာ အုပ်စု၊ သပြေပင် ကျေးရွာအုပ်စု၊ နှောကန် ကျေးရွာအုပ်စု၊ ဘောက်ခွေးတော ကျေးရွာအုပ်စုများမှ လူနေအိမ်များအမိုးလန်ပျက်စီးခဲ့​​ပြီး စာသင် ကျောင်းမျက်နှာကျက်များ ပြုတ်ကြခဲ့ကြောင်း သိရသည်။
May 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မေလအတွင်း ရှေးဦးပြုစုခြင်းအ‌‌ခြေခံ(အခမဲ့)သင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ အဆိုပါသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ငါးသိုင်းချောင်းမြို့လူထု အခြေပြုဗဟိုဌာန၌ ယမန် နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
May 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် လင်းခေးမြို့နယ် ဝမ်စလောင်း ကျေးရွာအုပ်စုတွင် ဧပြီ ၂၉ ရက်နေ့ က သဘာဝဘေးဒဏ်လေဘေးဖြစ်ပွားမှုကြောင့် ယိုယွင်းပျက်စီးသွားသော ဥတ္တရာရုံ ဘုန်းတော်ကြီး ကျောင်းတိုက် အမိုးသွပ်များလှန်ခြင်းနှင့် လူနေအိမ်များ ပျက်စီးဆုံးရှူံးခဲ့သောကြောင့်  ဧပြီ ၃၀ ရက် ညနေ ပိုင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရူ၍ ထောက်ပံငွေကျပ် (၁၀) သိန်း၊ ဿာသနိက အဆောက်အဦးပြင်ဆင်ရန် ငွေကျပ် (၃) သိန်း တို့ကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့က ပေးအပ်ရာ ဒေသခံပြည်သူတစ်ဦးနှင့် ဆရာတော်တစ်ပါးမှ လက်ခံရယူပြီး ဒေသခံပြည်သူများ အတွက်ဘေးအန္တာရယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ သာသနိက အဆောက်အဦး ပစ္စည်းဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း ငွေကျပ် (၁၀,၄၆၆၀၀) ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လူမှုရေးဝန်ကြီးတို့က ထောက်ပံပေးအပ်ခဲ့သည်။
May 01,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပ​ရေးအတွက် စု​ပေါင်းသန့်ရှင်း​ရေးပြုလုပ်ခြင်းကို ယမန်​နေ့ နံနက် ၇နာရီအချိန်က ​ဆောင်ရွက်​ခဲ့ကြောင်း သိရသည်။
May 01,2022
ရန်ကုန်တိုင်း‌‌ဒေသကြီး၊ လမ်းမတော်မြို့နယ် မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေစေရန် သန့်ရှင်းရေးစုပေါင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၉)ရပ်ကွက်၊ ဖိုးရာ ဇာလမ်းတစ်လျှောက်လမ်းဘေးဝဲယာများတွင် ဆောင်ရွက်ခဲ့ကြသည်။
May 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားစျေးအတွင်း/အပြင်သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင် းသိရကြသည်။