နယ်ရုံးများ၏သတင်းများ

May 02,2022
မ​န္တလေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊​ စဉ့်ကူးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိူးပြုလုပ်ငန်းများကို ယနေ့နံနက်က စဉ့်ကူးမြို့၊ အမှတ် ၁ ရပ်ကွက် ရှိ ရွှေမုဌောဘုရား ရင်ပြင်၌ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ခဲ့သည်။
May 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး ၊အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူ များထံမှ သိရသည်။
May 02,2022
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်(၈)နာရီက ကာရာတေးဒို အခြေခံသင်တန်း (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
May 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးရန် ကျန်သူများအား ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် (၂) နေရာ ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
May 02,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ ယမန်နေ့ နံနက်ပိုင်းက ဆိုင်းဘုတ်တင်ခြင်းနှင့် သောက်သုံးရေ လှူဒါန်းခြင်းကို ဘဲများကျေးရွာအုပ်စုရှိ  စီရင်စုကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဦးဆောင်၍ ဧပြီလ ၃၀ ရက်နေ့ နံနက် ၉နာရီမှ ၁၂နာရီ ထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ပြည်သူ့စာကြည့် တိုက်တွင် စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ကြောင်း သိရသည်။
May 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။