နယ်ရုံးများ၏သတင်းများ

May 02,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီး ကျက်သရေအနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဆု တောင်းပြည့် မြတ်စွာဘုရား၌ ယနေ့နံနက်(၇) နာရီက (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ‌‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 02,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တို့ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီတွင် မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကိုနှင့် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် လိုက်လံအသိပညာပေး နှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
May 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်း၍ ကာယဉာဏစွမ်းရည်များ တိုးတက်လာစေရန်၊ နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားများမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ နွေရာသီ မြန်မာ့သိုင်းအခြေခံအားကစားသင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
May 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စခန်းကြီး ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း တို့ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ယနေ့နံနက် ၁ဝနာရီက ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အခြေခံ) အပ်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
May 02,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား ကျောင်းသူလေးများ အသိပညာဗဟုသုတ တိုးပွားစေရေး Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များအား စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
May 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။