လမ်းမတော်မြို့နယ် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လမ်းမတော် မေ ၁

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ လမ်းမတော်မြို့နယ် မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေစေရန် သန့်ရှင်းရေးစုပေါင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၉)ရပ်ကွက်၊ ဖိုးရာ ဇာလမ်းတစ်လျှောက်လမ်းဘေးဝဲယာများတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာတွင် လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများပူပြင်း‌ ခြောကသွေ့သော နွေရာသီကာလတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မြို့သန့်ရှင်းသာယာလှ‌ပရေး နှင့်ပတ်၀န်းကျင် စိမ်းလန်းစိုပြေရေးအတွက် တံမြက်စည်းလှဲကျင်း၊စု‌ပေါင်း၍ အမှိုက်များ ကောက်ခြင်းလမ်းနှင့်မလွတ်သော ခြုံနွယ် မြတ်ပင်များ ခုတ်ထစ်ရှင်းလင်းခြင်း၊ ရေဆိုး ရေမြောင်းများဆယ်ယူခြင်းအစရှိသည့် လုပ်ငန်းများအား စုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်‌ နောင်ဖြူနှင့် အဖွဲ့ ဝင်များမှ ပါဝင်ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြပြီးနောက်မြို့သန့်ရှင်း သာယာ လှပရေးနှင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သွေးလွန်တုတ်ကွေးရောဂါကာ ကွယ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ယခုလို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်