နယ်ရုံးများ၏သတင်းများ

May 01,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနမှဦးစီး၍ မီးသတ်တပ်ဖွဲ့များနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်း ပွဲကိုယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁၂) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) တွင် ကျင်းပခဲ့ကြောင်းသိရသည်။
May 01,2022
သထုံခရိုင်၊ပေါင်မြို့နယ်၌ (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်သာက်သုံးရေ လှူဒါန်းမှုပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 01,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေ အသုံးပြုစိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချ ချိန် ပဲတီစိမ်း တစ်တင်း ၄၂၀၀၀ ကျပ် ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီ စိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်းသိရသည်။
May 01,2022
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် စိုက်ပျိူးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့်ကြဲပက်ပွဲကို ယနေ့ နံနက်ပိုင်းက ဖရဲကျေးရွာတွင် ကျင်းပပြုလုပ်သည်။
May 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် နွေစပါးစံ ပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်း၌ ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ ကြီးပေါက်ကုန်းကျေးရွာရှိ တောင်သူဦးဇော်မိုး၊ ကွင်းအမှတ်(၉၈၆)၊ ဦးပိုင်အမှတ်(၅၁)၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧကလျှင်စပါးအစိုတင်း(၁၄၀)နှုန်းထွက်ရှိကြောင်း သိရသည်။
May 01,2022
၂၀၂၂ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့က စုပေါင်းသန့်ရေး ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
May 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီက ရွှေတောင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအထူး သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။