Apr 29,2022
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလစသည့်ဗလငါးတန်စွမ်းအားများ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန်၊ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် အတွက်ရည်ရွယ်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒက္ခိဏသီရိမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျန့်ခန်း အားကစား လှုပ်ရှားမှု Physical Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဒက္ခိဏခရိုင်ရုံး လူထူအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။