မြန်အောင် မေ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် တဲကြီးကုန်းအုပ်စု ကွမ်းခြံကုန်း ကျေးရွာ ဧက၁၀၀ စက်မှုလယ်ယာ စနစ်တကျလယ်ယာမြေတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း တက် ရောက်အားပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်တို့က ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံ၍ ဆောင်းနေကြာစိုက်ပျိုးနိုင်ရေး မျိုးစေ့လုံ လောက်စွာရရှိနိုင်ရန် ယခုနှစ် မိုးရာသီတွင် ဆီထွက် သီးနှံ(နေကြာ)မျိုးစေ့ထုတ် သီးသန့် စိုက်ပျိုးရန် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များအား တောင်သူများ သို့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများက ဦးအောင်မင်း၏ လယ်မြေ(၂)ဧကတွင် သစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)