Apr 30,2022
အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သော ကျောင်းသား/သူများ၏ ဗလငါးတန်ပိုမိုဖွံ့ ဖြိုးတိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ် ရက် အားလပ်ချိန် များကို အကျိုးရှိရှိအသုံးပြုနိုင်စေရန် ရည်ရွယ်လျက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Communty Center) တွင် စစ်တုရင်ပြိုင်ပွဲနှင့် ရုံးခြံဝန်းအတွင်း ပြုလုပ်ထားသော ပိုက်ကျော်ခြင်း ကွင်းတွင်ပိုက်ကျော်ခြင်း ပြိုင်ပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပင်လောင်းမြို့နယ် အားကစားမှုးနှင့် ဝန်ထမ်းများ၊ မြို့နယ် အတွင်းရှိ စစ်တုရင်ဝါသနာရှင်များ၊ ပိုက်ကျော်ခြင်း ဝါသနာရှင်များ ပူးပေါင်း ၍ ပြိုင်ပွဲများ ကိုယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။