နယ်ရုံးများ၏သတင်းများ

May 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ကြည်ညို သပ္ပါယ်စွာ စံပယ်တော် မူလျက်ရှိသော သမိုင်းဝင် ရွှေမော်တင်စေတီတော်မြတကြီး၏ ဘုရား၊ စေတီပုထိုးများနှင့် ရုပ်ပွားတော်များ၊ ရင်ပြင်အတွင်းရှိ အမှိုက်သရိုက်များအား ယနေ့နံနက် ၇ နာရီတွင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ည‌နေပိုင်းအချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊နေအိမ်(၁၃)လုံး အမိုးလန်ပျက်စီးပြီး၊‌ ‌ နေအိမ်(၂)လုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
May 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် မြို့ရွာသန့်ရှင်းသာယာလှပ စေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ကို ပန်းတောင်းပြည်သူ့ဆေးရုံ၊ ဥသျှစ်ပင်တိုက်နယ်ဆေးရုံး၊ ထုံးဘိုတိုက်နယ်ဆေးရုံတို့တွင် ယမန်နေ့ နံက် ၇ နာရီအချိန်က သန့်ရှင်းရေးပြုလုပ် ခဲ့ကြောင်း သိရသည်။
May 01,2022
မိတ္ထီလာ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော   ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား  ယမန်နေ့ ညနေ(၄) နာရီ အချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်းသိရသည်။
May 01,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ သောက်သုံးရေအခက်အခဲရှိသည့်အမှတ် (၈) ရပ်ကွက်နဝရတ်အောက်(၁)လမ်းရှိ အိမ်ထောင် စု(၃၅)စု၊ မြနန္ဒာလမ်းကျယ်မှ အိမ်ထောင်စု (၁၅)စု၊ မြနန္ဒာ(၁)လမ်းမှ အိမ်ထောင်စု(၅၀)စု၊ မြနန္ဒာ(၂)လမ်းမှအိမ်ထောင်စု (၇၀)စု၊ မြနန္ဒာ (၃)လမ်းမှ အိမ်ထောင်စု(၉၀)စု၊ စုစုပေါင်းအိမ်ထောင်စု (၂၆၀)စုအားမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် ၈နာရီခွဲ မှညနေ ၃ နာရီအချိန်အထိ မြို့နယ်မီးသတ် တပ်ဖွဲ့မှရေဂါလံ(၃၆၀၀)ဆန့်ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၁၀၈၀၀)ဂါလံ၊၄/တောင်ရပ်ကွက်ရှိမဟော်သဓါလူမှုရေး ကူညီမှုအသင်းမှ ရေဂါလံ(၂၄၀၀) ဆန့်ရေသယ်ယာဉ်ဖြင့်ရေဂါလံ (၄၈၀၀)ဂါလံ၊ စုစုပေါင်းရေသယ်ယာဉ် (၂)စီးဖြင့် ရေဂါလံပေါင်း (၁၅၆၀၀)ဂါလံကိုအိမ် အရောက်အခမဲ့ ရေဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
May 01,2022
စစ်ကိုင်းမြို့တွင် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆိုခြင်းကို ယမန်နေ့ နေ့လည် (၁၂)နာရီက စစ်ကိုင်းတောင်ရိုး၊ (IBEC)အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာပညာရေးစင်တာကျောင်းတိုက် အတွင်း ဖြေဆိုခဲ့ကြကြောင်း သိရသည်။
May 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာ များစုပေါင်း၍ ကွမ်းအပ်မင်းသားကြီးလမ်းတစ်လျှောက်ရှိ မြက်ပင်များ၊ ချုံနွယ်များနှင့် အမှိုက် များအား ယမန်နေ့နံနက် ၇ နာရီမှစ၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 01,2022
 ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊  ဘုရားသုံးဆူမြို့တွ င်ရှေးဦးပြုစုခြင်း‌ခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို အမှတ်၃ရပ်ကွက်ရှိ ပြည်ထောင်စုခန်းမ၌ မွန်းလွဲ ၂ နာရီအချိန် တွင် သင်တန်းဆင်းပွဲစတင်ကျင်းပခဲ့သည်။