နယ်ရုံးများ၏သတင်းများ

Apr 29,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၂၀၂၁ခုနှစ်၊ အစိုးရပါဠိ ပထမပြန် စာမေးပွဲအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်း သဘင်ဆက်ကပ် ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
Apr 29,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း လုပ်ငန်းများကိုသက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက်ကွင်းဆင်း ထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်၌ ခရီးသွားပြည်သူများအားထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။
Apr 29,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ် စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမြော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့် ကောင်းများ ရရှိလာစေရေးအတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်းသိရသည်။
Apr 29,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်(၁၅)နှစ် ကြားရှိပြည်သူများကို ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီမှစ၍ မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ သုခချမ်းသာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုအထောက်အကူပြုအသင်းနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
Apr 29,2022
မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာအ.ထ.ကကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃) နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Apr 29,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန (Community Centre) အတွင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသူ/သားများအနေဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားကဏ္ဍကို ပိုပိုစိတ်ဝင်စားစေရန်နှင့် မိမိ စိတ်ဝင်စားရာ အားကစားကဏ္ဍအလိုက် လေ့လာလိုက်စာခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည် ဖွံ့ဖြိုး အသိဉာဏ်တိုးပြီး မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်ချက်များဖြင့် Fitness Dance အက သင်တန်း(၁/၂၀၂၂)ကို စတင်ဖွင့်လှစ် သင်ကြားပေးကြောင်း သိရသည်။
Apr 29,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 29,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား လူငယ်များ၊ စာပေချစ်သူများအနေဖြင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးအတွက် ထန်းထမ်းများနှင့် စာဖတ်ပရိတ်သတ်များမှ အလှည့်ကျအစီအစဉ်ဖြင့် နေ့စဉ် Online မှ အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိသည်။