စမ်းချောင်းမြို့နယ်၌   မြို့သန့်ရှင်းသာယာလှပ​ရေးအတွက် စု​ပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်

စမ်းချောင်း  မေ ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မန်နေ့ နံနက် ၇နာရီအချိန်က ဆောင်ရွက်​ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ ရွှေပြည် အေးလမ်း၊ ရွှေပြည်သာလမ်း၊ ဇမ္ဗူအေးလမ်းတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်း အဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်အတွင်းရှိ ပြည်သူများ စုစုပေါင်းအင်အား(၁၂၀)ဦးခန့်ဖြင့် လမ်းသန့်ရှင်းရေး လုပ်ငန်းများ၊ မြောင်းတူးဖော်သန့်ရှင်း ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်နေနေ့တိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

စမ်းချောင်း(ပြန်/ဆက်)