ကြံခင်း မေ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အမှတ်(၃၂)ဘိလပ်မြေစက်ရုံနယ်မြေ ကုန်းမြင့်ကျေးရွာ ကုန်းမြင့်သာယာ ကျောင်းတိုက်ကမ္မဋ္ဌာန်းရိပ်သာနှင့် ဘိုးဘွားရိပ်သာ ဦးစီးနာ ယက နိုင်ငံတော်အစိုးရဘွဲ့တံဆိပ်တော်ရ ကုန်းမြင့်ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တစိန္တာသေဋ္ဌ၏ ဂုဏဝိသိဋ္ဌပူဇာသဘင်ကို ယနေ့နံနက် (၉)နာရီအချိန်က၎င်း ကျောင်း တိုက် အတွင်းရှိမဟာလောကမာရဇိန်ရွှေသာလျောင်း ဘုရားကြီးအာရုံခံတန်ဆောင်း အတွင်း ကျင်းပခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တတ်ရောက်ပူဇော် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် အလှု့ရှင်တပည့်ဒါယာ၊ ဒါယိကာမများက နမောတသ(၃)ကြိမ် ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး၊"ထူးမခြားနား"သီချင်းခန့်ဖြင့် ပူဇော်ပြီးနောက် မြို့နယ် ဩဝါဒစရိယ စပါးအိုးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ခဲ့ကြသည်။
ထိုနောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်ကွေ့ မတောင်ပုံဆရာတော် ရေးစပ်ပူဇော်သည့်"ဧကပိုဒ်ရတု"ဖြင့် ပူဇော်ပြီး၊ ဘွဲ့တံဆိပ်တော် ရကုန်းမြင့်ဆရာတော် ဘုရားကြီး၏"ထေရုပ္ပတ္တိ"အားကုန်းမြင့် သာယာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လမှ ဖတ်ကြားပူဇော်ပြီး၊ "တုတိဝေဒလ္လ"ဂါထာတော်ဖြင့်လယ်ယာပရိယတ္တိ စာသင်တိုက်ဆရာတော် မှပူဇော်ခြင်း "ပုဒ်ရတုစုံ"၊"ရှစ်ဆယ်ပေါ်ထပ် ကွန့်တေးထပ်"ဖြင့် စောင်းအနုပညာရှင်များက ပူဇော်ကြသည်။
ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးမြင့်သန်းဝင်းမှသာသနာရေးဆိုင်ရာများလျှောက်ထားပြီးနောက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏အမိန့်ကြေငြာစာအမှတ်(၁/၂၀၂၂)ဖြင့် ဆက်ကပ်ပူဇော်ခြင်းခံရသော အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များအား ကုန်းမြင့်သာယာကျောင်း ဆရာ တော်ကြီးအား ထပ်ဆင့် ဆပ်ကပ်ပူဇော်ခဲ့သည်။
ယင်းနောက် နိုင်ငံတော်ဗဟိုဝန်ဆောင်ကွေ့မတောင်ပုံ ဆရာတော်ရေးသား ပူဇော်သော" ရှစ်လုံးဖွဲ့ကဗျာ"အားကုန်းမြင့်ရွာ ပရိတ်ဝတ်အသင်းက ရွတ်ဖတ်ပူဇော်ကြပြီး ဂုဏဝိသိဋ္ဌပူဇာ သဘင်သို့ ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြိုနယ်ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှုရှင်များမှ လှုဖွယ်ဝထ္ထူအစုစုတို့ကို ဆက်ကပ်လှုဒါန်းခဲ့ကြပြီး၊ ကွေ့မဆရာတော်ဘုရားထံမှ လှုဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အနုမောဒနာတရား နာယူကာအမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကိုဗုဒ္ဓသာ သနံစိရံတိ ဌတု(၃)ကြိမ် ရွတ်ဖတ်ကာ အခမ်းအနားပြီးဆုံးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)